=================================================
၁၂-၃-၂၀၁၈ နေပြည်တော်
=================================================
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Mohd Haniff Abd Rahman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား (၁၂-၃-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဝန်ကြီးရုံးမေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် မလေးရှား(၂)နိုင်ငံအကြား ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းစွာ အတူလက်တွဲ ဆောင်ရွက်နေမှုများ၊ မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများဆိုင်ရာကိစ္စများ၊ ရွှေ့ပြောင်းလုပ်သားများအား ပြန်လည်ခေါ်ယူနိုင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများ၊ မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လိုသည့် ချင်းလူမျိုးအပါအဝင် အခြားတိုင်းရင်းသားများ ပြန်လည်ခေါ်ယူနိုင်ရေး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်မည့်ကိစ္စများ၊ ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို UEHRD စီမံကိန်းဖြင့် စနစ် တကျဆောင်ရွက်နေမှုများအား ဆွေးနွေးခဲ့ပါသည်။