==================
(၂၅-၃-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးအောင်သည် တာ၀န်ရှိသူများလိုက်ပါလျက် စဥ့်ကိုင်မြို့၊ တရုတ်စုရပ်ကွက်သို့ရောက်ရှိပြီး မိုးကြိုကာလ လေဘေးကြိုတင်ကာကွယ်ရေး အတွက် ရပ်ကွက်အတွင်း ဆင်းရဲနွမ်းပါးပြီး သဘာ၀ဘေးကျေရာက်လျှင် ကြံ့ခိုင်မှုမရှိသော နေအိမ်များကို မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာစေတနာရှင်လုပ်အားပေးများ၊ ရပ်မိရပ်ဖများနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှု့အားပေးပြီး နွေဦးကာလနှင့် မိုးကြိုကာလ ရာသီပြောင်းချိန်တွင် လေပြင်း မုန်တိုင်း ကျရောက်လေ့ရှိသဖြင့် အသိပညာပေးရန်နှင့် ရပ်ရွာလူထု ရပ်ကွက်အတွင်းရှိ ဆင်းရဲနွမ်းပါး အိမ်ထောင်များ အိုမင်းမစွမ်းအိမ်ထောင်များ၏ နေအိိမ်/တဲများ လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါးစေရန် လာရောက် ပြုပြင်ကူညီထောက်ပံ့ရခြင်းဖြစ်ကြောင်း ပြောကြားပြီး စဥ့်ကိုင်မြို့ တရုတ်စုရပ်ကွက်နှင့် ရန်ပိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးများထံသို့ မြို့ပေါ်ရပ်ကွက် ပြင်ဆင်ရန်လိုအပ်သော နေအိမ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ သင်္ဂတုံကျေးရွာသို့ ရောက်ရှိရာ ကျေးရွာသုံး (၂၅၀၀) ဂါလံဆံ့ ရေစင်မှ ရပ်ကွက်အတွင်း ထပ်မံ ခွဲေ၀ြဖန့်ဖြူးရန်လိုအပ်သော ပင်မပိုက်လိုင်းအတွက် အလှူငွေကျပ် (၁၅)သိန်းနှင့် အနောက် ရွာသစ်ကျေးရွာ စက်ရေတွင်းမှ ရပ်ကွက်အတွင်း ရေသွယ်ယူရန်အတွက် ငွေကျပ်(၁၅)သိန်း စုစုပေါင်းကျပ်သိန်း(၃၀) ကို ထောက်ပံ့ပေးခဲ့ရာ ကျေးရွာရေေပးေ၀ရေးကော်မတီနှင့် ရပ်ရွာလူထုမှ လက်ခံရယူပါသည်။ ထို့နောက် ဒုတိယ၀န်ကြီးနှင့် အဖွဲ့၀င်များသည် ကျေးရွာတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေးအစီအမံဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိိသော နေအိမ်များအား သွားရောက်အားပေးကြည့်ရှု့ခဲ့ပါသည်။
ယင်းနောက် အုန်းလက်ကောက်ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလူထုတို့ကို တွေ့ဆုံပြီး ဒုတိယ၀န်ကြီးက နွေဦးကာလနှင့် မိုးကြိုကာလအတွင်း ကြုံတွေ့ရနိုင်သော လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များ ထိခိုက်ဆုံးရှုံးမှုမရှိစေရန် ကျေးရွာလူထု၏ ဝိုင်း၀န်းကူညီ လုပ်ကိုင် ဆောင်ရွက်ပေးမှုများကြောင့် ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်လာနိုင်ကြောင်း ရှင်းလင်း ြေပာကြားပြီး လေဘေးဒဏ်ကြိုတင်ကာကွယ်ရေး အစီအစဥ်အရ ကျေးရွာရှိကြံ့ခိုင်မှု မရှိသော နေအိမ်များ ပြုပြင်ရန်အတွက် လေဘေးကြိုတင် ကာကွယ်ရေးထောက်ပံ့ငွေများကို နေအိမ်ပိုင်ရှင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာလူထုက ကျေးရွာမူလတန်း ကျောင်းအမိုးပြုပြင်ပေးနိုင်ရေး တင်ပြရာ ဒုတိယ၀န်ကြီးက အသေးစိတ်တွက်ချက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှတဆင့် ထောက်ပံ့နိုင်ရေး စီစဥ်ဆောင်ရွက်ပေးခဲ့ပါသည်။
ညနေပိုင်းတွင် မိတ္ထီလာမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ခရိုင်ရုံး) အဆောက်အဦ၊ သိုလှောင်ရုံနှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်နေမှုတို့အား ကြည့်ရှု့စစ်ဆေးရာ ဆောက်လုပ်ရေးဦးစီးဌာနတည်ဆောက်ရေးတာ၀န်ခံမှ ရှင်းလင်း တင်ပြကြပြီး ဒုတိယ၀န်ကြီးက အဆောက်အဦများနှင် ပတ်သက်၍ အရည်အသွေး ပြည့်၀စေရေးနှင့် သတ်မှတ်ကာလအချိန်မီပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် မှာကြား ခဲ့ပါသည်။
အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို ရပ်ရွာလူထု၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များနှင့်ပူးပေါင်း၍ နွေဦးကာလနှင့် မိုးကြိုကာလတွင် ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၈ ခုနှစ်အတွင်း ြပည်နယ်နှင့် တိုင်းဒေသကြီး (၆) ခုရှိ မြို့နယ်ပေါင်း (၂၃) မြို့နယ်၊ ကျေးရွာပေါင်း (၁၄၀) ခန့်တို့တွင် အိမ်အလုံးရေ (၇၀၀၀) ခန့်ကို ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း(၁၅၀၀)ခန့် သုံးစွဲ၍ သဘာ၀ဘေးဒဏ်ခံနိုင်သော ရပ်ရွာအသိုက်အ၀န်းဖြစ်ပေါ်စေရေး ရည်မှန်းထားရှိကာ အသိပညာပေးရေးနှင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။