Author Archives: Thandar Aung
-
ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ကျောက်မဲမြို့နယ် အထက-၁ ကျောင်းခန်းမ၌ မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ် အထက-၁ ကျောင်းခန်းမ၌ မိုးကြိုးဘေးနှင့် ရေဘေးအသိပညာပေးဟောပြောပွဲအား (၁၅-၆-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ (၈) တန်းနှင့် (၉) တန်း ကျောင်းသား/သူ (၅၀၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) မှ မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအုပ်စု၊ လွယ်ဆာကျေးရွာ၌ (၁၃-၆-၂၀၁၈) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ လေးပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၂) လုံး အမိုးလန်ပျက်စီးခဲ့မှုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂ဝဝဝဝဝိ/-) အား (၁၅-၆-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ အိမ်မဲမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ ကျုံမရမ်ကံရွာအုပ်စု ကျုံသွတ်ဖျားကျေးရွာ၊ ချောင်းသာကြီးကျေးရွာအုပ်စု ချောင်းသာကြီးကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာအုပ်စု မရမ်းငူကျေးရွာ၊ ထန်းလေးပင်ကျေးရွာအုပ်စု သပြေချောင်းကျေးရွာနှင့် တမံကြီးကျေးရွာအုပ်စု တမံကြီးကျေးရွာ တို့တွင် (၁၂-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် (၄) လုံးနှင့် အမိုးလန်ခဲ့သည့်နေအိမ် (၁) လုံး စုစုပေါင်းနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၅၀၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၂၁) ဦးအတွက် ဆန်ရိက္ခာ … Read more
-
ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကဒေါင်ကျေးရွာအုပ်စု၊ နိုင်းကြာကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့၊ (၁၈:၀၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်တို့အား (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၅း၅၀) နာရီအချိန်တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ မြောင်းမြမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ထန်းကုန်ကျေးရွာအုပ်စု၊ မြောင်းမြမြို့ (၁၀) ရပ်ကွက်၊ ကံသာကုန်းကျေးရွာအုပ်စု(၂)စုနှင့် ရပ်ကွက်(၁)၊ အေရွားကျေးရွာ ကံသာကုန်းကျေးရွာနှင့် (၁၀) ရပ်ကွက်တို့၌ (၁၂-၆-၂၀၁၈) ရက်နေ့နှင့် (၁၃-၆-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့် နေအိမ် (၂) လုံးနှင့် အမိုးလန်ခဲ့သည့် နေအိမ် (၁) လုံး စုစုပေါင်းနေအိမ် (၃) လုံးမှ … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စုအတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စု၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ လူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၃၁၂၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ပလပ်စတစ်ပုံးအပါ (၄) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃၀) လုံးအတွက် တန်ဖိုးသင့့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၉၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု (၁၈) စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု ၁၈ စု၌ (၂၉-၅-၂၀၁၈) ရက်နေ့နှင့် (၃၀-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ် (၇၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၈၃၂၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးရှိ လူဦးရေ … Read more
-
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ကနစိုပင်စုကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စု၊ ကနစိုပင်စုကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ် ၁ လုံး၊ အိမ်ထောင်စုတစ်စုမှ လူဦးရေ ၃ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၀၆၃၀၀ိ/-) အား (၁၄-၆-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ … Read more
-
လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အမှတ် ၄ ရပ်ကွက်၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၁၀၅၀၀ိ/-) အားလည်းကောင်း၊ … Read more
-
မြစ်ရေကြီးခြင်းသတိပေးချက်(၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၄) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- မြစ်ရေကြီးခြင်းသတိပေးချက်(၂၀၁၈ ခုနှစ်၊ ဇွန်လ(၁၄) ရက်၊ (၁၄:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် (၆)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် (၂)ရက်အတွင်း ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အောက် … Read more
