ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု (၁၈) စုရှိ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

14 Pic 07

14 Pic 08

14 Pic 09

==================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
==================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် အုပ်စု ၁၈ စု၌ (၂၉-၅-၂၀၁၈) ရက်နေ့နှင့် (၃၀-၅-၂၀၁၈) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် အမိုးလန်အိမ် (၇၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၂၈၃၂၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ ပြိုလဲနေအိမ် (၅) လုံးရှိ လူဦးရေ (၂၁) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၄၄၁၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ ၅ ပုံး တောင်ကျရေကြောင့် မျောပါနေအိမ် ၈ လုံးအတွက် ထောက်ပံ့ငွေ (၈၀၀၀၀၀) ကျပ်၊ နေအိမ် ၈ လုံးရှိ လူဦးးရေ ၂၅ ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၅၂၅၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ပလပ်စတစ်ပုံးအပါ ၈ ပုံးတို့နှင့် စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၅၆၇၉၈၀၀) ကျပ်တိတိအား (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events