===================================================
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မြို့တောင်ကျေးရွာအုပ်စု၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့်ပြိုလဲအိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀ိ/-)၊ လူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာဖိုး(၃၁၂၉၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး ပလပ်စတစ်ပုံးအပါ (၄) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ် (၃၀) လုံးအတွက် တန်ဖိုးသင့့်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၃၉၀၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး ပလပ်စတစ်ပုံးအပါ (၃၀) အိမ်ထောင်စာ၊ တစ်စိတ်တစ်ပိုင်းပျက်စီးဘုန်းကြီးကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀ိ/-)၊ စုစုပေါင်းရန်ပုံငွေ (၃၃၀၂၉၀၀ိ/-) အား (၁၃-၆-၂၀၁၈) ရက်နေ့တွင် ပြည်သူလက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့ပါသည်။ ထောက်ပံ့ပေးအပ်ပွဲသို့ တောင်ကုတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စား၊ တောင်ကုတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့တောင်/ရွာမမီးသတ်စခန်းမှူးနှင့် တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဘေးသင့်ပြည်သူစုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။