လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ လပွတ္တာမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

14 Pic 03

===================================================
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ အမှတ် ၄ ရပ်ကွက်၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး (၁၁၀၅၀၀ိ/-) အားလည်းကောင်း၊ ဆင်ခြေရာကျေးရွာအုပ်စု၊ သင်္ကန်းလေးကျေးရွာ၌ (၁၁-၆-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျခဲ့သည့်နေအိမ် ၁ လုံး၊ အိမ်ထောင်စု ၁ စုမှ လူဦးရေ ၅ ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ၁ ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး(၁၁၀၅၀၀ိ/-) တို့အား (၁၃-၆-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) အချိန်တွင် လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events