Author Archives: Thandar Aung
-
ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့၌ (၁၂-၇-၂၀၁၈) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်နှင့် (၁၃-၇-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တို့တွင် ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကွေ့ထောင့်ကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၂၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ ဆန်ရိက္ခာ(၇)ရက်စာ(၅၂၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀ိ/-)၊ ဇယမကျေးရွာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ … Read more
-
ဇလွန်မြို့နယ်၊ ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဇလွန်မြို့နယ်၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိ တာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၂)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၂၂)စု၊ လူဦးရေ (၁၀၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၂) သိန်း၊ ဆန်ရိက္ခာဖိုး (၂၁၄၂၀၀) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၄၁၄၂၀၀) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေပါသည်။
-
ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ၌ ဓမင်းဆိပ် Shelter သောက်သုံးရေကန်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကွင်းဆင်းကြည့်ရှုမှုသတင်း
=================================================== Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ၌ ဓမင်းဆိပ် Shelter သောက်သုံးရေကန်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
-
မယ်စဲ့မြို့နယ်၊ အ.ထ.က(မယ်စဲ့)ကျောင်းနှင့် အ.ထ.က(ဟိုစဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
=================================================== Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၁၈) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ အ.ထ.က(မယ်စဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၇၀) ဦးနှင့် အ.ထ.က(ဟိုစဲ့)ကျောင်းရှိ ကျောင်းသား/ကျောင်းသူ (၆၀) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သိရှိရပါသည်။
-
ထားဝယ်ရေနံလုပ်ကွက် (M-9) ဇောတိကရေနံစင်အနီး ပင်လယ်ပြင်၌ စက်လှေနစ်မြုပ်၍ မျောပါခဲ့သည့် ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) =================================================== ဧရာဝတီရေတပ်စခန်းဌာနချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် M/S. PTTEP INTL PTE ပိုင် TUB-HAIDUONG-01 သင်္ဘောမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၈) ရက်နေ့တွင် ထားဝယ်ရေနံလုပ်ကွက် (M-9) ဇောတိကရေနံစင်အနီး ပင်လယ်ပြင်၌ စက်လှေနစ်မြုပ်၍ မျောပါနေသည့် ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးအား တွေ့ရှိသဖြင့် ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး အဆိုပါသင်္ဘောဖြင့် (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သာကေတဆိပ်ကမ်း MOGE တံတားသို့ ငါးဖမ်းရေလုပ်သား … Read more
-
ချောင်းဆုံမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ၊ ဟင်္သာကျွန်းကျေးရွာနှင့် ရွာလွတ်ကျေးရွာများ၌ (၇-၇-၂၀၁၈) ရက်နေ့နှင့် (၈-၇-၂၀၁၈) ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ Family Kit (၂) ထုပ်၊ ပလစ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀ိ/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်(၄)လုံးအတွက် … Read more
-
မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ ရေပူကျေးရွာ၌ (၈-၇-၂၀၁၈) ရက်နေ့၊ (၂၂း၃၀) နာရီအချိန်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေများ စီးဆင်းမှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နေအိမ် (၂) လုံး မျောပါပျက်စီးခဲ့ပြီး ကျား(၄)ဦး၊ မ(၄)ဦး စုစုပေါင်း (၈) ဦး ရေဘေးသင့်ခဲ့ရာ (၁)အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-) … Read more
-
ချင်းပြည်နယ် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက် ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းသုံးပစ္စည်း လွှဲပြောင်းပေးအပ်မှု သတင်း
=================================================== Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM တို့ပူးပေါင်း၍ (၅-၇-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းသုံးပစ္စည်းလွှဲပြောင်းပေးအပ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ အဖွင့်အမှာစကားပြောကြား၍ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေမှ အလုပ်ရုံဆွေးနွေးပွဲ … Read more
-
ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေရွာ လေးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
=================================================== Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကန့်လန့်ကုန်းကျေးရွာအုပ်စု၊ ချောင်းဖြူကျေရွာ၌ (၂၂-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၁၅၀၀၀) ကျပ်အား (၂၈-၆-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
