===================================================
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
===================================================
ဧရာဝတီရေတပ်စခန်းဌာနချုပ်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်းဌာနမှ တာဝန်ယူဆောင်ရွက်ရသည့် M/S. PTTEP INTL PTE ပိုင် TUB-HAIDUONG-01 သင်္ဘောမှ တာဝန်ရှိသူများသည် (၇-၇-၂၀၁၈) ရက်နေ့တွင် ထားဝယ်ရေနံလုပ်ကွက် (M-9) ဇောတိကရေနံစင်အနီး ပင်လယ်ပြင်၌ စက်လှေနစ်မြုပ်၍ မျောပါနေသည့် ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးအား တွေ့ရှိသဖြင့် ပူးပေါင်းကယ်ဆယ်ခဲ့ကြပြီး အဆိုပါသင်္ဘောဖြင့် (၁၀-၇-၂၀၁၈) ရက်နေ့၊ (၁၁း၀၀) နာရီအချိန်တွင် သာကေတဆိပ်ကမ်း MOGE တံတားသို့ ငါးဖမ်းရေလုပ်သား မြန်မာနိုင်ငံသား (၁၂) ဦးနှင့်အတူ ရောက်ရှိခဲ့ရာ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးချုပ် ထိန်ဝင်း၊ ရေကြောင်းရဲတပ်ဖွဲ့မှ ဗိုလ်မှူး ပြုံးချို၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဦး၊ ရေဆိပ် လဝကမှ တာဝန်ခံ ဦးလှဘုန်း၊ PTTEP မှ တာဝန်ခံ ဦးသူရဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမော်နိုင်ထွန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ပူးပေါင်းကြိုဆိုခဲ့ပါသည်။
အဆိုပါရေလုပ်သား (၁၂) ဦးအား ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသို့ လွှဲပြောင်းလက်ခံခြင်း ဆောင်ရွှက်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး (၁၂)စုံနှင့် ခရီးစရိတ်နှင့် စားစရိတ်ကျသင့်ငွေ စုစုပေါင်း (၁၂၀၀၀၀ိ/-) ကို (၁၀-၇-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ပြီး ၎င်းသို့၏ နေရပ်အသီးသီးတို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။