===================================================
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM တို့ပူးပေါင်း၍ (၅-၇-၂၀၁၈) ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ချင်းပြည်နယ် ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်ကောက်ယူသည့်ပုံစံနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု ကနဦးဆန်းစစ်ချက် (Mobile Application) မိတ်ဆက်ရှင်းလင်းခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် လုပ်ငန်းသုံးပစ္စည်းလွှဲပြောင်းပေးအပ်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်မှ အဖွင့်အမှာစကားပြောကြား၍ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေမှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး ချင်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်အောင်မှ (Tablets) လက်ခံရယူ၍ ပြန်လည်ဖြန့်ခွဲပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ လူကြီးများ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM မှ ကိုယ်စားလှယ်များ စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။