Author Archives: Thandar Aung

  • ရေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေးအတွက် အစိုးရနှင့်ပြည်သူပူးပေါင်းဆောင်ရွက်

    =============================================== နေပြည်တော် သြဂုတ်လ(၉)ရက် ———————- ၂၀၁၈ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူဦးရေ(၁၅၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ပြီး လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုများလည်း ဖြစ်ပေါ်ခဲ့ပါသည်။ ရေဘေးသင့်ဒေသများတွင် အလျင်အမြန် ကယ်ဆယ်၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ် ကြီးကြပ်ကွပ်ကဲဆောင်ရွက်ခဲ့ပြီး ယခုအခါ နေရာတော်တော်များများတွင် ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ … Read more

  • မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    =================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီမှ (၁၄း၀၀) နာရီအချိန်ထိ မြောင်းမြမြို့၊ မရမ်းကုန်းရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ပြည်သူစုစုပေါင်း (၁၂၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်ခဲ့သူများထံ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • မြောင်းမြမြို့၊ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    =================================================== Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၁း၀၀) နာရီမှ (၁၂း၃၀) နာရီအချိန်ထိ မြောင်းမြမြို့၊ အ.ထ.က (၄) ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးတို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်ခဲ့သူများထံ လက်ကမ်းစာစောင်များ ပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

  • ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း

    =================================================== Source: ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ (၉-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ဒေါ်အေးမြင့်မိသားစုမှ အလှူငွေ (၃,၀၀,၀၀၀ိ/-)၊ ဦးကျော်ကျော်သိန်း+ဒေါ်လှိုင်မမ မိသားစုမှ အလှူငွေ (၅,၀၀,၀၀၀ိ/-)၊ ဦးစိန်မောင်+ဒေါ်ဒွဲနန်မိသားစုမှ အလှူငွေ (၁,၀၀,၀၀၀ိ/-) နှင့် Master of Public Health 11th Batch ကျောင်းသား၊ ကျောင်းသူများမှ အလှူငွေ (၂,၉၀,၀၀၀ိ/-) တို့အား လာရောက်လှူဒါန်းကြရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် … Read more

  • ဂျပန်နိုင်ငံအစိုးရနှင့် စင်္ကာပူနိုင်ငံ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ရေဘေးသင့်ဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လှူဒါန်း

    ==================================================== ရန်ကုန်၊ သြဂုတ် ၇ ———- ရေဘေးသင့်ဒေသများရှိပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ယန်း(၁၇) သန်းတန်ဖိုးရှိယာယီနေထိုင်ရန်မိုးကာတဲ(၁,၀၀၀)လုံးနှင့် ရေသိုလှောင်နိုင်သည့် ပလတ်စတစ်ကန် (၂၅)လုံးအား ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှတစ်ဆင့်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၄:၃၀)နာရီအချိန်၌ လည်းကောင်း၊ ရေဘေးသင့်ဒေသများတွင် သောက်သုံးရေသန့်များ အလွယ်တကူရရှိနိုင်စေရန်အတွက် စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီ (၄)ခုမှ တစ်လုံးလျှင် စင်္ကာပူဒေါ်လာ(၉,၅၀၀)တန်ဖိုးရှိ ရေသန့်စက် စုစုပေါင်း(၅)လုံး လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ(၁၆:၀၀) နာရီအချိန်၌လည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလှူပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more

  • ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း ဖွင့်လှစ်မှုသတင်း

    =================================================== Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ) =================================================== လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲတက်ရောက်သူ (၂၂၀) ဦးနှင့် သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၇-၈-၂၀၁၈) မှ (၉-၈-၂၀၁၈) ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events