လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA Myanmar) မှ ဌာနေကိုယ်စားလှယ် ဦးဆောင်သောအဖွဲ့က လာရောက်တွေ့ဆုံမှုသတင်း

7 Pic 03

===============================================
နေပြည်တော်၊ သြဂုတ် ၇

————

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA Myanmar) မှ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Masayuki KARASAWA ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် JICA တို့ပူးပေါင်း၍ (၂၀၁၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ) (၄)နှစ် စီမံကိန်းဖြင့် လူကုန်ကူးခံရသူများအတွက် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး ယခုအခါ လူကုန်ကူးခံရသူများအား ကူညီပံ့ပိုးနိုင်ရန် စွမ်းဆောင်ရည်တိုးတက်ရေး ကွန်ရက်ချိတ်ဆက်မှုဆိုင်ရာ အဆင့်မြှင့်တင်ခြင်း (၃)နှစ်စီမံကိန်းအား (၂၁-၂-၂၀၁၈) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် ကိစ္စများ၊ လူကုန်ကူးမှု ဆိုင်ရာကိစ္စများအတွက် ဝန်ကြီးဌာနသို့ ဂျပန်ကျွမ်းကျင်ပညာရှင် Ms. Kanae Tanaka အား ပူးတွဲ တာဝန်ပေးအပ်မှု၊ JICA အဖွဲ့အနေဖြင့် ဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ စွမ်းဆောင်ရည်တိုးတက် စေရေး ပညာတော်သင်ဆုများ ပေးအပ်မည့်ကိစ္စများ၊ သဘာဝဘေးကျရောက်သည့် ဒေသများ၌ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများတွင် JICA မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့သည့် ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events