===================================================
Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
===================================================
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအား ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲတက်ရောက်သူ (၂၂၀) ဦးနှင့် သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းအား (၇-၈-၂၀၁၈) မှ (၉-၈-၂၀၁၈) ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။