ဂျပန်နိုင်ငံအစိုးရနှင့် စင်္ကာပူနိုင်ငံ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ရေဘေးသင့်ဒေသများအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်လှူဒါန်း

7 Pic 04

7 Pic 05

====================================================
ရန်ကုန်၊ သြဂုတ် ၇

———-

ရေဘေးသင့်ဒေသများရှိပြည်သူများ၏ လတ်တလောလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ယန်း(၁၇) သန်းတန်ဖိုးရှိယာယီနေထိုင်ရန်မိုးကာတဲ(၁,၀၀၀)လုံးနှင့် ရေသိုလှောင်နိုင်သည့် ပလတ်စတစ်ကန် (၂၅)လုံးအား ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှတစ်ဆင့်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နေ့လည် (၁၄:၃၀)နာရီအချိန်၌ လည်းကောင်း၊ ရေဘေးသင့်ဒေသများတွင် သောက်သုံးရေသန့်များ အလွယ်တကူရရှိနိုင်စေရန်အတွက် စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီ (၄)ခုမှ တစ်လုံးလျှင် စင်္ကာပူဒေါ်လာ(၉,၅၀၀)တန်ဖိုးရှိ ရေသန့်စက် စုစုပေါင်း(၅)လုံး လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ ညနေ(၁၆:၀၀) နာရီအချိန်၌လည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အလှူပစ္စည်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံအစိုးရနှင့် စင်္ကာပူနိုင်ငံရှိ ပုဂ္ဂလိကကုမ္မဏီများမှ ပေးအပ်သော အလှူပစ္စည်းများဖြစ်သည့် မိုးကာတဲများ၊ ရေသိုလှောင်ကန်များနှင့် ရေသန့်စက်များကို ရေဘေး ဒဏ်ခံစားကြရသည့် ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။
Source: CR, DDM

Sign Up

Upcoming Events