Author Archives: Thandar Aung

  • မသန်စွမ်းမှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ် ပြုစုထုတ်ဝေမည်

    ==================================================== ရန်ကုန်၊ သြဂုတ် ၂၈———————————- မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ကဦးဆောင်၍ မြန်မာနိုင်ငံ နားမကြားသူများ ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့နှင့် မသန်စွမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့်ပြုစုထားသော “ မသန်စွမ်း မှုဆိုင်ရာ ဝေါဟာရအသုံးအနှုန်းလက်စွဲလမ်းညွှန်စာအုပ်” အတည်ပြုထုတ်ဝေနိုင်ရေးအတွက် တွေ့ဆုံညှိနှိုင်းခြင်းကို ရန်ကုန်မြို့ လူမှုဝန်ထမ်းဦးစီးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဌ ဦးအောင်ကိုမြင့်နှင့် မြန်မာနိုင်ငံ နားမကြားသူများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်တို့က လက်စွဲလမ်းညွှန်စာအုပ် ဖြစ်ပေါ်လာပုံအဆင့်ဆင့်နှင့် ကဏ္ဍအလိုက်ပါဝင်သောအကြောင်းအရာတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ … Read more

  • အထက မိုးမိတ်မြို့၌ ငလျင်ဘေးအသိပညာပေးဟောပြောခြင်းနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ================================================ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၇-၈-၂၀၁၈) ရက်နေ့တွင် (၂၇-၈-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် အထက မိုးမိတ်မြို့၌ ငလျင်ဘေးအသိပညာပေးဟောပြောပွဲခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများ ခင်းကျင်းပြသခြင်း၊ ကျောင်းသား/သူများအား ငလျင်ဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဗီဒီယိုဖိုင်ပြသခြင်းတို့ ဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၅၀၀) ခန့် ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

  • ညောင်ဦးမြို့နယ်၊ အထက ပုဂံမြို့၌ မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောမှုသတင်း

    ================================================ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် (၂၇-၈-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထက ပုဂံမြို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၃၀) ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းနှင့် ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောမှုသတင်း

    ================================================ Source: ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့်ပူးပေါင်း၍ (၂၇-၈-၂၀၁၈) ရက်နေ့၊ (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအချိန်အထိ ဒက္ခိဏသီရိမြို့နယ် ချိုင်းကျေးရွာအုပ်စု မဲဒီကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသား(၇၀)ဦးတို့အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

  • ဘက်စုံစာသင်ကျောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရန် ညှိနှိုင်းဆွေးနွေးမှုသတင်း

    ================================================ Source: သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ) မှ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်း ဦးဆောင်သော နည်းပြအရာရှိများသည် (၂၄-၈-၂၀၁၈) ရက်နေ့တွင် ဘက်စုံစာသင်ကျောင်း ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်း ရေးဆွဲရန် Plan International အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဘက်စုံစာသင်ကျောင်းဘေးအန္တရာယ်ကင်းရှင်းရေးနည်းပြသင်ရိုးညွှန်းတန်းပြုစုပြီးပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးရုံးများကလည်း ကျောင်းအခြေပြု ဘေးအန္တရာယ်ကင်းရှင်းရေးဆင့်ပွားသင်တန်းများတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ကျောက်မဲမြို့နယ်၊ အမက-၄ မူလွန်ကျောင်း ကျောင်းခန်းမ၌ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောမှုသတင်း

    ================================================ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ) ================================================ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၃း၀၀) နာရီအချိန်တွင် ကျောက်မဲမြို့နယ်၊ အမက-၄ မူလွန်ကျောင်း ကျောင်းခန်းမ၌ ကျောင်းသား/သူ (၁၇၀) ဦးခန့်အား ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events