Author Archives: Department of Disaster Management
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ (အ.ထ.က)-ခွဲ စက်မှုဇုန်၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၄၇၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေးဗီဒီယိုပြသခြင်း တို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ (အ.ထ.က) လုံကောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၃၈၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပညာပေး ဗီဒီယိုပြသခြင်း တို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jan2019
-
နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်လှူဒါန်းမည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ ၁၆၊ နေပြည်တော် ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်မည့်ကိစ္စ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ရင်ခွင်မဲ့ကလေးများလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက နေပြည်တော်၊ ကလေးပြုစုရေးဌာန အဆောက်အဦ ဆောက်လုပ်ပြီးစီးလျှင် မိမိတို့ဝန်ကြီးဌာနထံ လှူဒါန်းမှာဖြစ်သည့်အတွက် ကျေးဇူးတင်စကား လာရောက်ပြောကြားခြင်းဖြစ်ပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ခိုင်ခိုင်မာမာ ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ … Read more
-
မီးဘေးသင့်နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၁-၂၀၁၉) ရက်နေ့၊ (၀၈း၀၀) အချိန်တွင် ဘားအံမြို့နယ်၊ နောင်ထလုံးကျေးရွာအုပ်စု၊ မုကဝါကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် (သွပ်မိုး၊ပျဉ်ထောင်၊ပျဉ်ခင်း) နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-) ကျပ်၊ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီးဦးဆောင်သောအဖွဲ့အား လက်ခံ တွေ့ဆုံ
ဇန်နဝါရီလ ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး H. E . Ms. Toshiko ABE ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆောင်ရွက်ချက်များ အပေါ်ထောက်ခံကူညီပေးမှုများ၊ ဂျပန်အစိုးရ၏ ရန်ပုံငွေအထောက်အပံ့ဖြင့် ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂ အဖွဲ့အစည်း(၆)ဖွဲ့၏ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုများ၊ နေရပ်စွန့်ခွာသူများနှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဆောင်ရွက်ထားရှိမှုနောက်ဆုံးအခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် နှစ်နိုင်ငံသဘောတူညီမှုအရ ပြန်လည် လက်ခံရေးဆောင်ရွက်မည့်အခြေအနေများ၊ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ ပြန်လည်လက်ခံရေးနှင့် … Read more
-
ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီးMs. Toshiko Abeနှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့ မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့်ပန်းတောပြင်(အလယ်)ရွာတို့သို့ လိုက်လံ ကြည့်ရှု
စစ်တွေ ဇန်နဝါရီ ၁၅ ဂျပန်နိုင်ငံနိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abeနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာ၊ လှဖိုးခေါင်ကြားစခန်း၊ ရွှေဇားကျေးရွာနှင့် ပန်းတောပြင်ကျေးရွာတို့သို့ လိုက်လံ ကြည့်ရှုသည်။ ဂျပန်နိုင်ငံခြားရေးဒုတိယဝန်ကြီး Ms. Toshiko Abe နှင့် ဒုတိယဝန်ကြီးဦးစိုးအောင်တို့သည် မွန်းလွဲ (၁) နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် မောင်တောမြို့နယ် ကြိမ်ချောင်းတောင်ကျေးရွာသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံအစိုးရ၏ လှူဒါန်းငွေဖြင့် နေအိမ်များတည်ဆောက်နေမှုအား ကြည့်ရှုရာ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းများနှင့် စပ်လျဉ်း၍ … Read more
-
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင် (၁၃)ဦးအတွက် အလှူငွေများ လွှဲပြောင်းပေးအပ်
နေပြည်တော်၊ ဇန်နဝါရီ ၁၅ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) အား House of Orchid အဖွဲ့က လာရောက်လှူဒါန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ မိသားစုဝင်များထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါ သည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ကျဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင် (၁၃) ဦး အတွက် လှူဒါန်းငွေ ကျပ်သိန်း (၁၃၀) ကို House of Orchid … Read more
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်ရှိ ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ဆားမလောက် ကျေးရွာအလယ်ပိုင်း၊ ဂန္ဓလမ်းထိပ်၌ (၁၄-၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၇) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၃၅,၇၀၀/-) ကျပ်၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်း၊ အ.ထ.က(ခွဲ) ၌ (၁၄-၁-၂၀၁၉) ရက်နေ့၊ (၁၀:ဝဝ) နာရီမှ (၁၁:၃၀) နာရီအထိ ကျောင်းသား/သူ (၂၆၀) ဦးအားလည်းကောင်း၊ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အ.မ.က (မူလွန်) သရက်တော၌ နေ့လယ် (၁းဝဝ) နာရီမှ (၂း၃၀) နာရီအထိ ကျောင်းသား/သူ (၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း တို့ဆောင်ရွက်ခဲ့ပြီး ကျောင်းဝန်းများအတွင်း၌ နံရံကပ်ပိုစတာကပ်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
ငလျင်ဘေးနှင့် အခြားသော သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁-၂၀၁၉) ရက်နေ့၊ နံနက် (၀၉း၀၀) နာရီမှ (၁၁း၃၀) နာရီ အထိ မိုင်းပျဉ်းမြို့နယ်၊ ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်ယန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/သူ၊ စုစုပေါင်း (၈၀) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #ar_eqk #shn_jan2019
