Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဆရာ/ဆရာမ (၇) ဦးနှင့် ကျောင်းသား/သူ (၁၆၆) ဦးတို့ကို ငလျင်ဘေးနှင့် အခြားသောသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေးလက်ကမ်းစာစောင်းများ ဖြန့်ဝေ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_feb2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၁၉)ရက်နေ့၊(၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီထိ မီးသတ်ဦးစီးဌာနဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းခန်းမ၌ ဆရာ/ ဆရာမ၊ ကျောင်းသား/ကျောင်းသူ(၁၉၅)ဦးတို့အား ငလျင်ဘေးနှင့် အခြား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_jan2019
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ နောင်လတ်ကြီးကျေးရွာအုပ်စု၊ ဝေခူးကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စု (၁) စု ၊ လူဦးရေ (၇) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် ဆန်ဖိုးငွေ (၁၄၇၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၁၄၇၀၀ိ/-) ကျပ်အား (၁-၂-၂၀၁၉) ရက်နေ့၊ ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဘေးသင့်မိသားစု၏ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source; ဗန်းမော်ခရိုင်ဦးစီးမှူးရုံး … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာအောက်ပိုင်းတွင် (၃၁-၁-၂၀၁၉) ရက်နေ့၌ ဖယောင်းတိုင်မီးထွန်းပြီး မီးမငြိမ်းသတ်ဘဲ အိပ်ပျော်သွားခဲ့ရာမှ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးမှ အိမ် ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀ိ/-) ကျပ် … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် ပခုက္ကူ ခရိုင်၊ ပေါက်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်တွင် (၃၁-၁-၂၀၁၉) ရက်နေ့၌ ဖုန်းအားသွင်း ထားရာမှတဆင့် ပလပ်ခုံဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၈) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၆၈၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ … Read more
-
ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအုပ်စု၊ရှမ်းကွင်းကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၁-၂၀၁၉)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ကျုံတာ ကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ မီးဘေးဖြစ်ခဲ့ရာ မီးဘေးသင့်အိမ်ခြေ/အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုး၊actionaid အလှူပစ္စည်း(၁)စုံ၊မီးဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခဖိုးငွေ(၁၂၆၀၀/-) ကျပ်၊အိမိဆောက်ပ္စည်းဖိုးငွေ(၂၀၀၀၀၀/-)ကျပ်တို့ကို (၃၁-၁-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ ကြောင်းသတင်းရရှိပါသည် ။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha-fir #ayy_feb2019
-
သဘာဝဘေးလျော့ပေါ့ရေးလူငယ်ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနားသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၈-၁-၂၀၁၉)ရက်နေ့မှ (၃၀-၁-၂၀၁၉)ရက်နေ့ထိ ဖွင့်လှစ်သည့် သဘာဝဘေး လျော့ပေါ့ရေးလူငယ်ဆင့်ပွားသင့်တန်းကို သင်တန်းသား/ သင်တန်းသူ(၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး (၃၀-၁-၂၀၁၉)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်များနှင့် ပုလဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား hand speakerနှင့် Radio များပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး #ar #sgg_jan2019
-
ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၂)လုံးအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်(၃၀-၁-၂၀၁၉)ရက်နေ့တွင် မအူပင်မြို့နယ်၊ လေးအိမ်စုကျေးရွာ အုပ်စု ကုက္ကိုစုကျေးရွာ၌် ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့သည့် နေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု အတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အလှူပစ္စည်း Care Myanmar ပိုက်ဖျာ (၂) ချပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂၆၀၀/-)ကျပ် တို့အား(၃၁- ၁- ၂၀၁၉) ရက်နေ့ (၁၂:၂၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
တောင်တွင်းကြီးမြို့နယ် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁-၂၀၁၉)ရက်နေ့(၀၈း၀၀)နာရီအချိန်၌ တောင်တွင်းကြီးမြို့နယ်၊စစ်တားကျေးရွာတွင်(၃၀-၁-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် အိမ်ခြေ(၂)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၀၀,၀၀၀/-)၊ လူဦးရေ(၉)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၁၈,၉၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို (၃၁-၁-၂၀၁၉)ရက်နေ့ (၁၀း၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည် ။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ha-fir #mgy_jan2019
-
ဝိုင်းမော်မြို့၊ နန်ဆန်ယန်ကျေးရွာသို့ နေရပ်ပြန်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀.၁.၂၀၁၉)ရက်နေ့ (၀၈း၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ၊နန်ဆန်ယန်ကျေးရွာမှ မြို့ပေါ်ရပ်ကွက်ကျေးရွာများသို့ ရောက်ရှိနေသော တိုက်ပွဲရှာင်ပြည်သူ အိမ်ထောင်စု (၁၅)စု၊ လူဦးရေ (၁၀၅)ဦးနှင့် ဘုန်းတော်ကြီး(၁)ပါး၊ ခရစ်ယာန်ဘုန်းတော်ကြီး(၁)ပါးတို့အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့များမှ နန်ဆန်ယန်ကျေးရွာသို့ လိုက်ပါပို့ဆောင် ရွှေ့ပြောင်းပေးခဲ့ရာပြီး ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂) ပါးစာ၊ ကယ်ဆယ်ရေး ပစ္စည်း(၁၇ )မျိုး (၁၅)အိမ်ထောင်စာ၊ ၊ စားနပ်ရိက္ခာ(၁)လစာငွေ(၁၁၈၇၆၂၅/-)နှင့် ပြောင်းရွှေ့ /အိမ်ဆောက်/ ကျောင်းဆောက်ပစ္စည်းဖိုးငွေ( ၂၀၇၀၀၀၀/-)၊ MEC(၇)ပေသွပ် (၁၈၀)ချပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ … Read more
