လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ (ဘစမ) မှ တာဝန်ရှိသူများသည် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအုပ်စု၊ ဇရစ်ချောင်ကျေးရွာအောက်ပိုင်းတွင် (၃၁-၁-၂၀၁၉) ရက်နေ့၌ ဖယောင်းတိုင်မီးထွန်းပြီး မီးမငြိမ်းသတ်ဘဲ အိပ်ပျော်သွားခဲ့ရာမှ မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁) လုံးမှ အိမ် ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ(၆၃၀၀ိ/-) ကျပ် အားလည်းကောင်း စုစုပေါင်းတန်ဖိုးငွေ (၁၀၆၃၀၀ိ/-) ကျပ်အား (၁-၂-၂၀၁၉) ရက်နေ့တွင် မီးဘေးသင့်မိသားစု၏ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source; သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_feb2019