Author Archives: Department of Disaster Management

  • သင်တန်းဖွင့်လှစ်ခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် UNDP အဖွဲ့တို့ပူးပေါင်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်များ စနစ်တကျရေးဆွဲနိုင်ရန်ရည်ရွယ်ချက်ဖြင့် မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ (၁၉-၂-၂၀၁၉) ရက်နေ့မှ (၂၂-၂-၂၀၁၉) ရက်နေ့အထိလည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲအား (၂၅-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း ကျင်းပဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအား (၁၉-၂-၂၀၁၉) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကာ မွန်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ (၁) ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဌာနအသီးသီးမှ ကိုယ်စားလှယ် … Read more

  • အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ကမ္ဘာနီကျေးရွာ၌ (၁၉-၂-၂၀၁၉) ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ လူဦးရေ (၂၀၀) ခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_feb2019 Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) အုပ်စု၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁၀၀) လုံး၊ ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁၀၀) စုနှင့် ထိခိုက်ဒဏ်ရာရပြည်သူ (၁) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၁၀၀) အိမ်ထောင်စုစာ၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စုစာနှင့် စုစုပေါင်းထောက်ပံ့ငွေ (၂,၂၀၀,၀၀၀/-) … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ဒီးမော့ ဆိုမြို့နယ် ၊ ဘုရားဖြူကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာရှိ ရပ်ရွာပြည်သူ (၈၀) ဦးအား (၁၆-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ လွိုင်ကော်မြို့နယ်၊ ပညာရေးကောလိပ်ရှိ ကျောင်းသား/ ကျောင်းသူ (၄၂၀) ဦးအား (၁၈-၂-၂၀၁၉) ရက်နေ့တွင်လည်းကောင်း သဘာဝဘေး အသိပညာပေးဟောပြောပေးခဲ့ပြီး တက်ရောက်သူများအား လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_feb2019

  • ဓာတ်လိုက်သေဆုံးသူ၏မိသားစုဝင်အားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင် စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်၊ ရဲကျော်သူကျောင်းရှေ့လမ်းသွယ်၌ ဓာတ်မီးတိုင်ကြိုးပြတ်တောက်ရာမှ ဓာတ်လိုက် မှုဖြစ်ပွားခဲ့၍ အသက် (၁၂) နှစ်အရွယ် မောင်အောင်နေစိုးမှာ ဓာတ်လိုက်သေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့် သေဆုံးသူအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ ဖခင်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_feb2019 Source:         ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)    

  • မီးဘေးသင့်ဘုန်းကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ ဘေးသင့်ဘုန်းကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိ ပါသည်။ #ha_fir #mdy_feb2019 Source:         ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပပြု လုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်တွေ့ဆုံ၍ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်း၊ ပြုလုပ်မည့် လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း လူဦးရေ (၂၅) ဦးခန့် တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #bgo_feb2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)       … Read more

  • မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်၊ မူလတန်းကြိုကျောင်း၌ (၁၈-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် မီးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးနှင်စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူ၊ ဆရာ/ဆရာမ၊ စုစုပေါင်း လူဦးရေ (၁၂၅) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fir #ar_eqk #ar_str #kcn_feb2019 Source:         ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)    

  • သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၀) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းနားသို့ မော်လမြိုင်ကျွန်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_feb2019

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောက်ဦးမြို့၊ လော်ကမူရပ်ကွက်၌ (၁၆-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် နေအိမ် (၁၄) လုံး၊ အိမ်ထောင်စု (၁၄) စုမှလူဦးရေ (၉၈) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁၄) အိမ်ထောင်စုစာ၊ (သွပ်မိုး/ပျဉ်ကာ /ပျဉ်ခင်း) နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀,၀၀၀/-)  ကျပ်၊ (သွပ်မိုး/ဓနိမိုး/ဝါးကာ/ဝါးခင်း) နေအိမ် (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more

Sign Up

Upcoming Events