ဓာတ်လိုက်သေဆုံးသူ၏မိသားစုဝင်အားထောက်ပံ့မှုသတင်း

18 Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၂-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်တွင် စစ်တွေမြို့၊ လမ္မတော်တောင်ရပ်ကွက်၊ ရဲကျော်သူကျောင်းရှေ့လမ်းသွယ်၌ ဓာတ်မီးတိုင်ကြိုးပြတ်တောက်ရာမှ ဓာတ်လိုက် မှုဖြစ်ပွားခဲ့၍ အသက် (၁၂) နှစ်အရွယ် မောင်အောင်နေစိုးမှာ ဓာတ်လိုက်သေဆုံးခဲ့ပါသည်။ အဆိုပါဘေးသင့် သေဆုံးသူအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် သေဆုံးသူ၏ ဖခင်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_feb2019

Source:         ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events