သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ သဘာဝဘေးလျော့ပါရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအား မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၃၀) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းနားသို့ မော်လမြိုင်ကျွန်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ တတ်ရောက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar

#ayy_feb2019

Sign Up

Upcoming Events