လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာ၌ (၁၇-၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ရာ ဘေးသင့်ဘုန်းကြီးကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၁၈-၂-၂၀၁၉) ရက်နေ့တွင် ကျောင်းထိုင်ဆရာတော်ထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိ ပါသည်။
#ha_fir
#mdy_feb2019
Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)