လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၈-၂-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီဝင် များနှင့်တွေ့ဆုံ၍ မုန်တိုင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ရန် ကြိုတင်ညှိနှိုင်းခြင်း၊ ပြုလုပ်မည့် လုပ်ငန်း အဆင့်ဆင့်ကို ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း လူဦးရေ (၂၅) ဦးခန့် တက်ရောက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#bgo_feb2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)