Author Archives: Department of Disaster Management
-
ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၃-၂၀၁၉) ရက်နေ့တွင် မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် အမှတ် (၁၃) (အ.ထ.က)၌ ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခဲ့ပါသည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်ခန်းအား မော်လမြိုင်မြို့ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ (NGO) များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း အင်အား (၃၀၀) ဦးခန့်ဖြင့်ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mon_mar2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်အုပ်စု၊ ကယ်လုံပိန်းရွာနှင့် ပိန်းမုံရွာတို့တွင် ပြည်သူ (၇၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေးရှစ်မျိုး ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအုပ်စု၊ မြောက်ခင်ရန်းကျေးရွာတွင် (၂၅-၃-၂၀၁၉) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀ိ/-)နှင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် (၅၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၆,၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ အင်ပင်ကုန်းအုပ်စု၊ အင်းဝင်းကုန်းကျေးရွာတွင် (၂၁-၃-၂၀၁၉) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၂,၆၀၀ိ/-) နှင့် (၆၄၇၀၆) ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂) အိမ်ထောင်စုစာ၊ care myanmar ပိုက်ဖျာ (၂) ချပ်တို့အား … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းဟန်ကျေးရွာအုပ်စု၊ နားကောင်းမူးကျေးရွာ ရပ်ကွက် (၁) တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စ ု(၁) စု၊ လူဦးရေ (၁) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၀) မျိုးတို့အား မီးဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ # ha_fir # shn_mar2019 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျှက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါတထောကျေးရွာသို့ (၂၅-၃-၂၀၁၉) ရက်နေ့တွင် ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် (၁)စီးဖြင့် သောက်သုံးရေများ သွားရောက် လှူဒါန်း ခဲ့ပါကြောင်းသိရှိရပါသည်။ #ha_drg #kyh_mar 2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၉) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ ဆင်မောင်းအုပ်စု၊ ဟွေ့ယောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၄,၆၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ ပလပ်စတစ်ပုံး (၅) ပုံးတို့ကို (၂၅-၃-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ မီးဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
ဘူးသီးတောင်မြို့နယ်၊ စေတီတောင်အုပ်စု၊ စေတီတောင်ကျေးရွာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၇၃)စု၊ ကျား(၅၀၉)ဦး မ(၆၁၉)ဦး၊ လူဦးရေ (၁၁၂၈) ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန်(၁၆၄)အိတ် (၁၂)ပြည်၊ ဆီ(၁၉၇.၄)ပိဿာ၊ ဆား (၃၉.၄၈) ပိသာ၊ ပဲ(၇၈၉.၆)ပိဿာတို့အားလည်းကောင်း၊ ဒဏ်ရာရရှိသူပြည်သူ(၇)ဦးအား (၁) ဦးလျှင်(၅၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်တို့ကို (၂၄-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_mar2019 … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၄/၂၀၁၉)
“ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၂၆.၃.၂၀၁၉) ရက်နေ့မှ (၂၈.၃.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင် ပါသည်။” အကြံပြုချက် ——————————— ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ … Read more
-
ထူးကဲဒီရေမြင့်တက်မှုကြောင့် နေအိမ်ပြိုကျပျက်စီးမှုအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန ၊မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တောင်ကျေးရွာအုပ်စု၌ (၂၃-၃-၂၀၁၉) ရက်နေ့နှင့် (၂၄-၃-၂၀၁၉) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော စစ်တောင်းမြစ်ထူးကဲဒီရေမြင့်တက်ခဲ့ကြောင့် နေအိမ် (၃) လုံး ဘေးသင့်ခဲ့ရာ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂) … Read more
