လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၉) ရက်နေ့တွင် မိုင်းပျဉ်းမြို့၊ ဆင်မောင်းအုပ်စု၊ ဟွေ့ယောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀,၀၀၀ိ/-)၊ ဘေးသင့်လူဦးရေ (၂၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၅၄,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၅၄,၆၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးပါ ပလပ်စတစ်ပုံး (၅) ပုံးတို့ကို (၂၅-၃-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ မီးဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
# ha_fir #shn_mar 2019 Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)