မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

26 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ အင်ပင်ကုန်းအုပ်စု၊ အင်းဝင်းကုန်းကျေးရွာတွင် (၂၁-၃-၂၀၁၉) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၂) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၁၂,၆၀၀ိ/-) နှင့် (၆၄၇၀၆) ကျပ်တန်ဖိုးရှိသောကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂) အိမ်ထောင်စုစာ၊ care myanmar ပိုက်ဖျာ (၂) ချပ်တို့အား (၂၅-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ပေးပို့ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events