လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့့်ခွဲမှုဦးစီးဌာန ၊မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တောင်ကျေးရွာအုပ်စု၌ (၂၃-၃-၂၀၁၉) ရက်နေ့နှင့် (၂၄-၃-၂၀၁၉) ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော စစ်တောင်းမြစ်ထူးကဲဒီရေမြင့်တက်ခဲ့ကြောင့် နေအိမ် (၃) လုံး ဘေးသင့်ခဲ့ရာ ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံးအဖုံးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ် နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်နှင့် လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၄၀၀) ကျပ်တို့အား (၂၅-၃-၂၀၁၉) ရက်နေ့ ကျောက်ဆိပ်ရပ်ကွက်တွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mon_mar2019 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)