မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

26 pic 01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာအုပ်စု၊ မြောက်ခင်ရန်းကျေးရွာတွင် (၂၅-၃-၂၀၁၉) ရက်နေ့၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၃) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀ိ/-)နှင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် (၅၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂,၅၆,၃၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ပေးပို့ထောက်ပံ့ခဲ့ပါကြောင်း သိရှိရပါသည်။ #ha_fir #mgy_mar2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events