ဘူးသီးတောင်မြို့နယ်၊ စေတီတောင်အုပ်စု၊ စေတီတောင်ကျေးရွာတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၂၇၃)စု၊ ကျား(၅၀၉)ဦး မ(၆၁၉)ဦး၊ လူဦးရေ (၁၁၂၈) ဦးအား စားရိက္ခာ (၁၄)ရက်စာ၊ ဆန်(၁၆၄)အိတ် (၁၂)ပြည်၊ ဆီ(၁၉၇.၄)ပိဿာ၊ ဆား (၃၉.၄၈) ပိသာ၊ ပဲ(၇၈၉.၆)ပိဿာတို့အားလည်းကောင်း၊ ဒဏ်ရာရရှိသူပြည်သူ(၇)ဦးအား (၁) ဦးလျှင်(၅၀,၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေ (၃၅၀,၀၀၀) ကျပ်တို့ကို (၂၄-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_mar2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)