Author Archives: Department of Disaster Management

  • လေပြင်‌း‌ဘေးကာကွယ်‌‌ရေး အသိပညာပေး‌ဟော‌ပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်‌ဦးစီးမှူးရုံးမှတာဝန်‌ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်‌‌နေ့တွင်‌ ဖျာပုံမြို့နယ်‌‌၊ သမိန်‌‌ထော ေ‌‌ကျးရွာအုပ်‌စု၊ သမိန်‌‌ထောကုန်း‌တန်း‌‌ ဘုန်း‌‌တော်‌ကြီးကျောင်‌းဓမ္မာရုံတွင်‌‌ ရေလုပ်‌ငန်‌းဖွံ့ဖြိုးတိုးတက်‌‌ရေးအသင်‌း နှင်‌့အတူ ဖျာပုံခရိုင်‌/ မြို့နယ်‌‌ဌာနဆိုင်‌ရာများနှင်‌့ ပူး‌ပေါင်‌း၍ ပြည်‌သူ့အသံကြားနာပွဲကျင်‌းပခဲ့ရာ ဦးစီးဌာနမှ‌ ဆောင်‌ရွက်‌‌နေမှုများနှင်‌့ယခုအချိန်‌ဖြစ်‌‌ပေါ်နိုင်‌သည်‌့‌ လေပြင်‌း‌ဘေးကာကွယ်‌‌ရေးအသိ ပညာပေး‌ဟော‌ပြောခဲ့ပြီး လက်‌ကမ်‌းစာ‌စောင်‌များ ဖြန်‌့‌ဝေအသိပညာ‌ပေးခဲ့ရာ‌ ကျေးရွာပြည်‌သူ (၅၀) ဦးတက်‌‌ရောက်‌ခဲ့ကြောင်း သိရှိရပါ သည်‌။ #ar_sgw #ayy_mar2019 Source: ဖျာပုံခရိုင်‌ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့၊ အမှတ်၅ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၂၈) ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၁၈)အိတ် (၁၆) ပြည်၊ ဆီ(၂၂.၄)ပိဿာ၊ ဆား (၄.၄၈)ပိဿာ၊ ပဲ (၈၉.၆)ပိဿာ နှင့် အမှတ် (၅)ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၇၃) ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၁၀)အိတ် (၁၅)ပြည် (၄)ဘူး၊ ဆီ (၁၂.၇၇၅) … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးခရိုင်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၌ (၂၅-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၈-၃-၂၀၁၉) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဧရာရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။   #ha_fir … Read more

  • မီးဘေးဗီနိုင်းပိုစတာစိုက်ထူပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မီးဘေးဗီနိုင်းပိုစတာဆိုင်းဘုတ်တစ်ခုကို သရက်-မင်းတုန်းကားလမ်းဘေးတွင် စိုက်ထူပြီးစီးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_mar 2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအရှေ့ပိုင်းရှိ အိမ်ခြေ (၁၅၀)၊ အိမ်ထောင်စု (၁၆၃)၊ လူဦးရေ (၅၈၀) ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၆၀၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ #ha_drg #mgy_mar 2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ (၁၃-၃-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါးရပ်ကွက်နေ အိမ်ရှင်ဒေါ်ယဉ်ယဉ်ခိုင်၏ နေအိမ် သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)အား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀)နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့(၂၀၆,၃၀၀) ကျပ်အား နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေများ သွားရောက်လှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ဒေါက လော်လဲကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့်သော ရေသယ်ယာဉ် (၁) စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။ #ha_drg #kyh_mar 2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၇-၃-၂၀၁၉)ရက်နေ့၌ မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၃၀) မှ(၁၄:၀၀)ထိ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာ ဥပုသ်ဇရပ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် များပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းပြုလုပ်ခဲ့ရာ တက်ရောက်သူကျေးရွာသူ/သား စုစု ပေါင်း(၆၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးခရိုင်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာ၌ (၂၄-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၂,၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၆-၃-၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ရှဒေါင်အုပ်ချူပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more

Sign Up

Upcoming Events