
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၃-၂၀၁၉)ရက်နေ့ နေ့လည်(၁၂:၃၀) မှ(၁၄:၀၀)ထိ မိုးမိတ်မြို့နယ်၊ သဲနီကျေးရွာ ဥပုသ်ဇရပ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန် များပြောကြားခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းပြုလုပ်ခဲ့ရာ တက်ရောက်သူကျေးရွာသူ/သား စုစု ပေါင်း(၆၀)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
#ar
#shn_mar2019
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)