
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ (၁၃-၃-၂၀၁၉)ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါးရပ်ကွက်နေ အိမ်ရှင်ဒေါ်ယဉ်ယဉ်ခိုင်၏ နေအိမ် သွပ်မိုး၊ အုတ်ညှပ် (၂)ထပ်နေအိမ်(၁)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၃)အား ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဆန်ရိက္ခာဖိုး (၆,၃၀၀)နှင့်အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့(၂၀၆,၃၀၀) ကျပ်အား နားခါရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှတဆင့် (၂၆-၃-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#kcn_mar2019
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)