

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့၊ အမှတ်၅ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၁၂၈) ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၁၈)အိတ် (၁၆) ပြည်၊ ဆီ(၂၂.၄)ပိဿာ၊ ဆား (၄.၄၈)ပိဿာ၊ ပဲ (၈၉.၆)ပိဿာ နှင့် အမှတ် (၅)ရပ်ကွက် ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ (၇၃) ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၁၀)အိတ် (၁၅)ပြည် (၄)ဘူး၊ ဆီ (၁၂.၇၇၅) ပိဿာ၊ ၊ ဆား (၂.၅၅၅) ပိဿာ၊ ပဲ (၅၁.၁)ပိဿာ၊ တို့အား (၂၇-၃-၂၀၁၉) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_otr
#rke_mar2019
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)