
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးခရိုင်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၌ (၂၅-၃-၂၀၁၉) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာတို့အား (၂၈-၃-၂၀၁၉) ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် ဧရာရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
#ha_fir
#kcn_mar2019
Source – ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)