ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

27_Pic_01 27_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၇-၃-၂၀၁၉)ရက်နေ့၌ မင်းဘူးမြို့နယ်၊ ထုံးမကြီးကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#mgy_mar2019

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events