Author Archives: Department of Disaster Management

  • လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော ကျေးရွာဘုရားကျောင်းအား လှူဒါန်းထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မိုင်းဖြတ်မြို့နယ်၊ အိုက်လုံကျေးရွာအုပ်စု၊ ဟာကြားမုဒိကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ကျေးရွာဘုရားကျောင်း (၁) ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးငွေ (၉၆၀၀၀) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် လှူဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha _sgw #shn_mar2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့နယ်၊ ဇောတိကရပ်ကွက်၊ ပန်းစံပါယ်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်ပြည်သူ (၄) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံးတို့ကို မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha _fir #bgo_mar2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းယောင်းမြို့နယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား (၂၈-၃-၂၀၁၉) ရက်နေ့၌ မိုင်းယောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ/သား (၃၀) ဦး၊ စုစုပေါင်း (၅၀) ဦးဖြင့် (၂၈-၃-၂၀၁၉) ရက်နေ့မှ (၃၀-၃-၂၀၁၉) ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ #ar #shn_mar2019 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာ၊တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၅)မျိုး(၁၆)စုစာ၊ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာ (၁)လစာ ထောက်ပံ့ငွေ (၅၉၄,၀၀၀) ကျပ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်(၁၄၇)စု၊ လူဦးရေ(၆၄၅)ဦး အတွက်ဆန်ရိက္ခာ (၁)လစာဖိုး ထောက်ပံ့ရန် ကျန်ရှိသောထောက်ပံ့ငွေ(၄,၄၅၀,၅၀၀)ကျပ်တိတိတို့ကို(၂၈-၃-၂၀၁၉)ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည်  လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_otr #rke_mar2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေပြင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) ရက်နေ့တွင် လောင်းလုံးမြို့၊ မောင်းမကန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ယခုအချိန်ကာလအတွင်းဖြစ်ပေါ်နိုင်သည့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးပြည်သူများသို့ပန်ုကြားချက် လက်ကမ်းစာစောင်များနှင့် မီးဘေး၊ မိုးကြိုးဘေး၊ လက်ကမ်းစာစောင်များအား ပြည်သူများအသိပညာရရှိစေရေးအတွက် ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #tny_mar2019 Source: တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံး (ဘစမ)

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၆၃၆)ဦးအတွက် စားရိက္ခာ (၁၄) ရက်စာ ဆန် (၉၂)အိတ် (၁၈)ပြည်၊ ဆီ (၁၁၁.၃)ပိသာ၊ ဆား (၂၂.၂၆)ပိသာ၊ ပဲ (၄၄၅.၂) ပိသာ၊ ဝရကျွန်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၂၇၅)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန် (၄၀)အိတ် (၂) ပြည် (၄)ဘူး၊ ဆီ(၄၈.၁၂၅)ပိသာ၊ ဆား (၉.၆၂၅)ပိသာ၊ ပဲ (၁၉၂.၅)ပိသာနှင့် ဆေးအိုးကျကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူ (၁၀၄)ဦးအတွက် စားရိက္ခာ (၁၄)ရက်စာ ဆန်(၁၅)အိတ် (၄) ပြည်၊ … Read more

  • လေပြင်ဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်‌းအ‌ဝေးခန်‌းမ၌ သဘာဝ‌ဘေးနှင့် စပ်လျဉ်း၍ အသိပညာပေးနိုင်ရန် ရည်ရွယ်ပြီး လေပြင်‌း‌ဘေးကာကွယ‌်‌ရေး‌ပြည်သူများသို့ပန်ကြားချက် လက်ကမ်‌းစာ‌စောင်များအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌‌ရေးမှူး (၁၆၀) ဦးထံသို့ ဖြန့်ဝေပေးခဲ့ပြီး သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိပညာ‌ပေး‌ဟောပြောခြင်းအားဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #ayy_mar2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကျေးရွာများတွင် လေဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေ ကာလများတွင် လေပြင်းများကျရောက်နိုင်သဖြင့် (၂၉-၃-၂၀၁၉)ရက်နေ့၌ ပွင့်ဖြူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာတွင် လေဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင် ရေးအတွက် လေဘေးအန္တရာယ်ကြိုတင် ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ်သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များ ဖြစ်စေရေးအတွက် ကျေးရွာနေပြည်သူများ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #mgy_mar2019 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီမှူးရုံးမှတာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ အုပ်စု၊ ပိန္နဲကုန်း ကျေးရွာတွင် (၂၂-၃-၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)ကျပ်အား (၂၈-၃-၂၀၁၉) ရက်နေ့တွင် ကျောက်မဲမြို့နယ် အုပ်ချုပ် ရေးမှူးနှင့်အတူ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #shn_mar2019 Source: ကျောက်မဲခရိုင်ဦးစီမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၃-၂၀၁၉) နေ့ ကြံခင်းမြို့နယ် ၊ ရေလယ်ကျွန်း ကျေးရွာအုပ်စု (အထက်ကုန်း၊ တဲတန်း) ကျေးရွာတို့တွင် (၂၁-၃-၂၀၁၉) ရက်နေ့မှ (၂၅-၃-၂၀၁၉) ရက်နေ့ထိ ဖြစ်ပွားသော ကမ်းပြိုရွှေ့ပြောင်း အိမ်ခြေ (၄၅) လုံးအတွက်- (၈၃၂၉၅၀) ကျပ် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး- (၄၅)အိမ်ထောင်စာနှင့် ပလတ်စတစ်ဖျာ (၄၅) ချပ်ကိုလည်းကောင်း အိမ်ဆောက်ပစ္စည်းဖိုး (၄၅၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၃၀၆၆၀၀) ကျပ်၊ ငွေနှင့် … Read more

Sign Up

Upcoming Events