Author Archives: Department of Disaster Management

  • မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    (၃၁-၃-၂၀၁၉)ရက်နေ့(၀၄:၅၅) အချိန်တွင် ပျဉ်းမနားမြို့နယ်၊ဥယျာဉ်စုအုပ်စု ဦးကျေးရပ်ကွက်တွင်နေအိမ်(၂) လုံးမီး လောင်ကျွမ်းခဲ့သည့်အတွက် စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး(၃၀၀,၀၀၀)ကျပ် မီးဘေးသင့်လူဦးရေ(၇)ဦးအတွက်ဆန်ရိက္ခာဖိုးငွေ(၁၄,၇၀၀) ကျပ် စုစုပေါင်းရန်ပုံငွေ(၃၁၄,၇၀၀) ကျပ်နှင့် (၇၅,၃၆၂) ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ်ထောင်စာတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၃၁-၃-၂၀၁၉)ရက်နေ့တွင်ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ #ha_fir #npw_mar2019 Source: ပြည်ထောင်စုနယ်မြေတိုင်းဦးစီးမှူးရုံး(ဘစမ)

  • ပေါက်မြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်ပြီးစီးခြင်းသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊   ပေါက်မြို့နယ်ဦးစီးမှူးရုံးအား ပေါက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများသည် (၂၈-၃-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဌာနဆိုင်းဘုတ်အား အမွှေးနံ့သာရေများဖြင့် ပက်ဖြန်းပြီး ယာယီရုံးဖွင့်ပွဲအား ဖွင့်လှစ်ခဲ့ ကြောင်းသတင်းရရှိပါသည်။ #mar_2019 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၅/၂၀၁၉)

    ============================================ (၂၀၁၉ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================================ “ယနေ့ မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ညနေမှ (၄.၄.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။” ============================================ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးပြခန်းဖွင့်လှစ်ဆောင်ရွက်ခဲ့မှုသတင်း

    ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ကြီးမှူးကျင်းပသော “ကလေးစာပေပွဲတော်”ကို (၂၈.၃.၂၀၁၉)နေ့မှ (၃၀.၃.၂၀၁၉)နေ့အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ပဲခူး တက္ကသိုလ်၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ “သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပြခန်း” ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းပြခန်း၌ ဂိမ်းကစားရင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာသိမှတ်ဖွယ်ရာ အမေးအဖြေမေးခွန်းများကိုဖြေဆိုစေခြင်းဖြင့် ဆုလက်ဆောင်များကို ပြန်လည်ချီးမြှင့် ပေးခဲ့ခြင်း၊ LEDဆိုင်းဘုတ်များထောင်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ပညာပေး ပြသ ခြင်း၊ Shake Tableဖြင့် ငလျင်လှုပ်ခြင်းသဏ္ဌာန်တူပုံစံများပြသ၍ အသိပညာပေးဝေခြင်း၊ ဂိမ်းကတ်ပြား … Read more

  • သဘာဝဘေးနှင့် ပတ်သက်၍ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်မှုသတင်း

    (၃၀-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာအုပ်စု၊ ပွင့်ဖြူကျေးရွာတွင် ပြည်သူ လူထု(၃၀)ဦးကိုလည်းကောင်း၊ မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာအုပ်စု၊ ကြာကြီးကွင်းကျေးရွာအတွင်းရှိ ဓမ္မာရုံတွင် ပြည်သူလူထု(၃၀)ဦးအား လည်းကောင်း သဘာဝဘေးနှင့် ပတ်သက်၍ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြစ်ကြီးနားမြို့တွင်  လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံမှုသတင်း

      လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်နိုင်ထွန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက်   စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးသင်တန်းဖွင့်ပွဲနှင့်လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်းတွင် ကျင်းပပြုလုပ်သော စေတနာ့ ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် … Read more

  • လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာတွင်(၁၉-၃-၂၀၁၉)ရက်နေ့ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့်ဘေးသင့်အိမ်ခြေ(၆)လုံး၊ အိမ်ထောင်စု(၆)စု၊ လူဦးရေ(၃၀)တို့အတွက်ဆန်ရိက္ခာဖိုး(၆၃,၀၀ဝ) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး(၃၁၇,၆၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈၀,၆၀ဝ)ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၆)အိမ်ထောင်စုစာအား (၃၀-၃-၂၀၁၉) ရက်နေ့တွင် ဘေးသင့်မိသားစုထံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ #ha_sgw #kcn_mar2019 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မကွေးမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ငါးဆောင် ကျေးရွာတွင် (၃၀-၃-၂၀၁၉) ရက်နေ့၌ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော  အမိုးလန်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀၀၀) ကျပ်၊ လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀) ကျပ်နှင့် အိမ်ထောင်စု (၁) စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး တို့အား (၃၁-၃-၂၀၁၉) ရက်နေ့ (၉:၃၀) … Read more

  • လေဘေးအန္တရာယ် ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးကြိုကာလဖြစ်သော ဧပြီ၊ မေလများတွင် လေပြင်းများ ကျရောက်နိုင်သဖြင့် (၃၀-၃-၂၀၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ကချင်စုကျေးရွာတွင် လေဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးအတွက် လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဖြစ် သော လေဘေးဒဏ်ခံနိုင်ရည်ရှိသော လူနေအိမ်များဖြစ်စေရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ကျေးရွာကော်မတီဝင်များနှင့်အတူ လေဘေးဒဏ် ခံရနိုင်ဖွယ်ရှိသော အိမ်များကို ပြုပြင် ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #sgg_mar2019 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေပြင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးမှုသတင်း

    (၂၉-၃-၂၀၁၉)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေပြင်းဘေး၊ မီးဘေးနှင့် မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များအား ထားဝယ်မြို့နှင့် ရေဖြူမြို့အတွင်းရှိ ရပ်ကွက်များသို့ ဝေငှအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #tny_mar2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events