Author Archives: Department of Disaster Management
-
မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကညင်ကုန်းကျေးရွာအုပ်စု၊ ကျွဲခြံဝကျေးရွာ၌ ဘုရားစင်တွင် မီးပူဇော်ရာမှ သစ်သားတန်းသို့ မီးကူးလောင်ကျွမ်းခဲ့ရာ ဓနိမိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း သစ်တိုင်ကျောင်းဆောင်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့သဖြင့် ကျောင်းဆောက်ပစ္စည်းတန်ဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀)နှင့် ဆရာတော်အားလှူဒါန်းရန်အတွက် သင်္ကန်းဒွိစုံ(P-P-T ဒါးခွဲ) (၁)စုံဝယ်ယူ ကျသင့်ငွေ(၄၈,၀၀၀)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၃၄၈,၀၀၀)ကျပ် အား (၂၉-၄-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာ၌ သောက်သုံးရေရှားပါးလျက်ရှိသော ပြည်သူများအတွက် ရေဂါလံ (၈၀၀)အား သွားရောက် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၉)ရက်နေ့က တနင်္သာရီ မြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ၌ လေပြင်းကြောင့် သစ်ပင်ကျိုးကျရာမှ ဖိမိသေဆုံးခဲ့သူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃)သိန်းကျပ်အား သေဆုံးသူ၏မိသားစုများထံသို့ (၂၉-၄-၂၀၁၉) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က တောင်ကြီးမြို့နယ်၊ နောင်လေးကျေးရွာအုပ်စု၊ ထီးဆုံကျေးရွာ၌ မီးဘေးဖြစ်ဖွားခဲ့ရာ နေအိမ်/အိမ်ထောင်စု (၁)စုမှ လူဦးရေ (၄)ဦး မီးဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ (၆၅)သိန်းဖြစ်ကြောင်း၊ အဆိုပါဘေးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၈,၄၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုး(၁)စုစာအား (၂၉-၄-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၉)ရက်နေ့က ဇလွန်မြို့နယ်၊ လိန်ကုန်းကျေးရွာအုပ်စု၊ ငါးပြေမဂယက်ကျေးရွာ၌ မီးဘေးဖြစ်ပွားမှုကြောင့် လုံးဝလောင်ကျွမ်းပျက်စီးခဲ့သော အိမ်ခြေ (ဝါးအိမ်-၁လုံး၊ သစ်အိမ်-၃လုံး) စုစုပေါင်းအိမ်ခြေ (၄)လုံးမှ လူဦးရေ (၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၉,၄၀၀)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၇၂၉,၄၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၄)အိမ်ထောင်စာ နှင့် care myanmar ပလတ်စတစ်ဖျာ( ၄)ချပ် တို့အား ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ … Read more
-
သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၈-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျးရွာအုပ်စု၊ မိုဆိုကျေးရွာ၊ဒီးကူးလယ်ကျေးရွာများသို့ ဂါလံ(၁၀၀၀)ဆံ့ ရေသယ်ယာဉ်(၂)စီးဖြင့် ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့သည် သောက်သုံးရေများသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_drg # kyh_ apr2019
-
သောက်သုံးရေများလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၇-၄-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ မိုဆိုကျးရွာအုပ်စု၊ ထီးဒီးကူးကျေးရွာ၊ ဒေါခရော့ခူကျေးရွာများသို့ ဂါလံ(၁၀၀၀)ဆံ့ရေသယ်ယာဉ်(၂)စီး၊ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စု၊ ယပ်ခူကျေးရွာသို့ ဂါလံ(၁၂၀၀)ဆံ့ရေသယ်ယာဉ်(၁)စီး စုစုပေါင်းရေသယ်ယာဉ်(၃)စီးဖြင့် ဒီးမော့ဆိုနှင့်ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့ သည် သောက်သုံးရေများသွားရောက် လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ha_drg # kyh_ apr2019
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၈/၂၀၁၉)
(၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ========================================= ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ========================= (က) ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ” (FANI)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee) ၏ အရှေ့-အရှေ့မြောက်ဘက် (၂၉၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့တောင် ဘက် မိုင်(၄၀၀)ခန့်၊ မာချီလီ ပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၄၈၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့(၂၃း၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀၀ိ/-) ကျပ်၊ မီးဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၂၀၀ိ/-)ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၄၀၄၂၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိူးတို့အား (၂၉-၄-၂၀၁၉) ရက်နေ့ (၁၁း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir #npw_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆/၂၀၁၉) (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
======================================== ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ ======================== (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ” (FANI) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee) ၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၃၁၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့တောင် ဘက် မိုင်(၄၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။ … Read more
