ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(၁၆/၂၀၁၉) (၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၂:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

58570979_1285627654925643_3971081484336365568_n 58576565_1285627414925667_7006983502675574784_n
========================================
ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ
========================
(က) ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)”ဖန်နီ” (FANI) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့(Trincomalee) ၏ အရှေ့-အရှေ့မြောက်ဘက် မိုင်(၃၁၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့‌တောင် ဘက် မိုင်(၄၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် မိုင်(၅၂၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

(ခ) ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေး သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
========================================
(က) ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာ စံတော်ချိန် (၁၁:၃၀)နာရီအချိန် တွင် မြောက်လတ္တီကျု(၉.၂)ဒီဂရီ
နှင့် အရှေ့လောင်ဂျီကျု (၈၆.၄)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင်(၅၅)မိုင် နှုန်း ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
=========================
(က) ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် နောက် (၁၂) နာရီအတွင်း အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း
(Severe Cyclonic Storm) “ဖန်နီ”(FANI)အဖြစ်သို့လည်း
ကောင်း၊ နောက်(၃၆)နာရီအတွင်း အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI)အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရ ပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI)သည် အနောက်မြောက်ဘက်သို့ ရွေ့ လျားပြီး၊ နောက်(၇၂)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည် ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်
=========
(က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်ေ လျှာက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ် ပါသည်။

Sign Up

Upcoming Events