လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၆-၄-၂၀၁၉) ရက်နေ့(၂၃း၀၀) အချိန်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ မီးဘေးသင့်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၂) လုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀၀ိ/-) ကျပ်၊ မီးဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၄၂၀၀ိ/-)ကျပ် ၊ စုစုပေါင်းရန်ပုံငွေ (၄၀၄၂၀၀ိ/-) နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိူးတို့အား (၂၉-၄-၂၀၁၉) ရက်နေ့ (၁၁း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ခဲ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။#ha_fir
#npw_apr2019 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)