Author Archives: Department of Disaster Management
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၅.၂၀၁၉)ရက်နေ့ (၀၉:၃၀)အချိန်မှ (၁၁:၁၅)အချိန်ထိ ပျဉ်းမနားမြို့နယ် မြတ်စုမွန်ပရဟိတကျောင်းတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်မီ ဖြစ်နေစဉ်နှင့်ဖြစ်ပွားပြီးအချိန်များတွင် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ပြီး ရွာသူ/ရွာသား(၃၀၀)ဦးတက်ရောက်ခဲ့ရာ အဆိုပါဟောပြောပွဲသို့တက်ရောက်လာသူများအား သဘာဝဘေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး အများပြည်သူများလေ့လာနိုင်ရန်အတွက် နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများအားပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #npw_may2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာအုပ်စု၊ မလယ် ကျေးရွာတွင် လူနေအိမ် (၂) လုံးအမိုးလန်ပျက်စီးပြီး လူနေအိမ် (၁) လုံးမှာ ပြိုကျခဲ့ သောကြောင့် ကယ်ဆယ်ရေးပစ္စည်း (၆) မျိုး (၂) အိမ်ထောင်စာ၊ ပြိုကျနေအိမ် (၁) လုံးတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ စုစုပေါင်းအိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄၀၀၀၀/-) ကျပ်အား ကန့်ဘလူမြို့နယ်၊ … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကျွန်းမကြီးကျေးရွာတွင် မိုးကြိုးပစ်ချသဖြင့် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းပျက်စီး၍အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သူ၏ ကျန်ရစ်သူမိသားစုအား သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ်နှင့် ကဇွန်းမကျေးရွာအုပ်စု၊ ကဇွန်းမ ရွာသစ်ကျေးရွာ၌ (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဝန်ချောင်းဆည်အနီးတွင် ကျွဲကျောင်းနေစဉ် မိုးရွာနေစဉ် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သူအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်အား ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနရုံး၌ ကျောင်းရွာကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးနှင့် ကဇွန်းမကျေးရွာအုပ်စုအုပ်ချူပ် ရေးမှူးများထံသို့ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့့် ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်း ကျေးရွာအုပ်စု၊ ရှောက်ပင်အင်းကျေးရွာနှင့် မင်းချမ်းကျေးရွာ၊ ကော်တုံကျေးရွာအုပ်စု၊ ကော်တုံ ကျေးရွာ၊ဖက်တဲကျေးရွာနှင့် သံချောင်းကျေးရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီး ကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့့် ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါး (၂) ကျေးရွာရှိ လေဘေးသင့် (၆) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၆) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးရန်ပုံငွေစုစုပေါင်း (၆၂၅၄၀၀ိ/-) ကျပ်ကို (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဒီမော့ဆိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kyh_may2019 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ အိမ်ခြေ(၃၀)၊ အိမ်ထောင်စု(၃၀)နှင့်အမေ့အိမ်အခမဲ့စာသင်ကျောင်း ကျောင်းသူ/ ကျောင်းသားများအတွက် သောက်သုံးရေဂါလံ(၆၄၀၀)၊ ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊မြစ်လှချောင်ကျေးရွာ၊ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု(၁၀၀)၊ လူဦးရေ(၄၄၀)ဦး တို့အတွက် သောက်သုံးရေဂါလံ (၅၀၀)၊ စုစုပေါင်း အိမ်ခြေ(၁၃၀)၊ အိမ်ထောင်စု(၁၃၀)၊ အမေ့အိမ်အခမဲ့စာသင် ကျောင်း(၁)ကျောင်းနှင့် လူဦးရေစုစုပေါင်း(၇၁၀)ဦးတို့အတွက် သောက်သုံးရေ ရှားပါးမှုကြောင့် သောက်သုံးရေဂါလံ(၆၉၀၀)အား ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မဟာစည်သာသနာ့ရိပ်သာမော်တော်ယာဉ်နှင့် … Read more
-
သောက်သုံးရေဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ကံကွင်း ကျေးရွာအုပ်စု၊ ဂျောင်ရှည်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၀) အိမ်ထောင်စု (၇၂) စု မှ လူဦးရေ (၃၁၈) ဦးအတွက် (၁) အိမ်ထောင်စုလျှင် (၅) ဂါလံ (၂) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလံ (၇၂၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး … Read more
-
တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့ ဘောင်းဒွတ်သားစုရပ်ကွက်၊ ဃောသိတာရုံကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၄) စု၊ လူဦးရေ (၁၄) ဦး၊ စက်ရုံစုရပ်ကွက်၊ အာရက္ခံဖောင်ဒေးရှင်းကျောင်းတိုက်ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၄) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၂) စုစာ ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုး၊ လူဦးရေ (၄၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁) လစာ … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၇:၀၀)နာရီတွင် ဘိုးဖြူလုံးကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဘိုးဖြူလုံးကန်ကျေးရွာအုပ်စု၊ ဘိုးဖြူလုံးကန်ကျေးရွာ၌ (၁၄.၅.၂၀၁၉) ရက်နေ့၊ ညနေ (၁၆:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက် စီး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၅)ဦး မ(၂)ဦး၊ စုစုပေါင်း(၇)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုး(၅၀၀၀၀/-) … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့သို့ ရောက်ရှိလာသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ဟိန္ဒူမိသားစု (၁၁) စု၊ လူဦးရေ (၃၀) ဦးအတွက် မေလ (၁) လစာ ဆန်၊ ဆီ၊ ဆား၊ ပဲများအား (၁၅-၅-၂၀၁၉)ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_otr #rke_may2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
