လေဘေးထောက်ပံ့မှုသတင်း

16_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့့် ဆိပ်ဖြူမြို့နယ်၊ ရှောက်ပင်အင်း ကျေးရွာအုပ်စု၊ ရှောက်ပင်အင်းကျေးရွာနှင့် မင်းချမ်းကျေးရွာ၊ ကော်တုံကျေးရွာအုပ်စု၊ ကော်တုံ ကျေးရွာ၊ဖက်တဲကျေးရွာနှင့် သံချောင်းကျေးရွာတို့တွင် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းကြီး ကျောင်း (၁) ကျောင်း၊ အိမ်ခြေ (၂၈) လုံး၊ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၁၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိူး၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၂၃၇၃၀၀ိ/-) ကျပ်၊ အိမ်ဆောက် ပစ္စည်းဖိုး (၁၂၅၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၁၄၈၇၃၀၀ိ/-) ကျပ်အား ဆိပ်ဖြူမြို့နယ် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံး၌ ရှောက်ပင်အင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကော်တုံ ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများထံသို့ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများနှင့် အတူ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် လွှဲပြောင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2019

Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events