လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကျွန်းမကြီးကျေးရွာတွင် မိုးကြိုးပစ်ချသဖြင့် ခန္ဓာကိုယ်ဘယ်ဘက်အခြမ်းပျက်စီး၍အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သူ၏ ကျန်ရစ်သူမိသားစုအား သေဆုံးထောက်ပံ့ငွေ (၃၀၀၀၀၀ိ/-) ကျပ်နှင့် ကဇွန်းမကျေးရွာအုပ်စု၊ ကဇွန်းမ ရွာသစ်ကျေးရွာ၌ (၁၄-၅-၂၀၁၉) ရက်နေ့တွင် ဝန်ချောင်းဆည်အနီးတွင် ကျွဲကျောင်းနေစဉ် မိုးရွာနေစဉ် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သူအား ဒဏ်ရာရထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်အား ဆိပ်ဖြူမြို့နယ်၊ အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနရုံး၌ ကျောင်းရွာကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးနှင့် ကဇွန်းမကျေးရွာအုပ်စုအုပ်ချူပ် ရေးမှူးများထံသို့ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများနှင့် အတူ (၁၅-၅-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများအတွက် လွှဲပြောင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_tls
#mgy_may2019
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)