ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၁၅.၅.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၇:၀၀)နာရီတွင် ဘိုးဖြူလုံးကန်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ဘိုးဖြူလုံးကန်ကျေးရွာအုပ်စု၊ ဘိုးဖြူလုံးကန်ကျေးရွာ၌ (၁၄.၅.၂၀၁၉) ရက်နေ့၊ ညနေ (၁၆:၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက် စီး၊ အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံးတွင် အိမ်ထောင်စု (၁)စုမှ ကျား(၅)ဦး မ(၂)ဦး၊ စုစုပေါင်း(၇)ဦးအား ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၄၇၀၀/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်း ဖိုး(၅၀၀၀၀/-) စုစုပေါင်း(၆၄၇၀၀/-) ကို ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_may2019
Source – ပေါက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)