သောက်သုံးရေဖြန့်ဝေမှုသတင်း

16_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၁၉) ရက်နေ့တွင် သောက်သုံးရေရှားပါးမှုအခက်အခဲကြုံတွေ့နေရသော မြောင်းမြမြို့နယ်၊ ကံကွင်း ကျေးရွာအုပ်စု၊ ဂျောင်ရှည်ကျေးရွာရှိ ကျေးရွာနေပြည်သူ အိမ်ခြေ (၇၀) အိမ်ထောင်စု (၇၂) စု မှ လူဦးရေ (၃၁၈) ဦးအတွက် (၁) အိမ်ထောင်စုလျှင် (၅) ဂါလံ (၂) ပုံးနှုန်းဖြင့် သောက်သုံးရေဂါလံ (၇၂၀) အား ကျေးရွာအရောက် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_drg

#ayy_may2019

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events