လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၁၉) ရက်နေ့တွင် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ အိမ်ခြေ(၃၀)၊ အိမ်ထောင်စု(၃၀)နှင့်အမေ့အိမ်အခမဲ့စာသင်ကျောင်း ကျောင်းသူ/ ကျောင်းသားများအတွက် သောက်သုံးရေဂါလံ(၆၄၀၀)၊ ရေစကြိုမြို့နယ်၊ ထန်းတိုကျေးရွာအုပ်စု၊မြစ်လှချောင်ကျေးရွာ၊ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု(၁၀၀)၊ လူဦးရေ(၄၄၀)ဦး တို့အတွက် သောက်သုံးရေဂါလံ (၅၀၀)၊ စုစုပေါင်း အိမ်ခြေ(၁၃၀)၊ အိမ်ထောင်စု(၁၃၀)၊ အမေ့အိမ်အခမဲ့စာသင် ကျောင်း(၁)ကျောင်းနှင့် လူဦးရေစုစုပေါင်း(၇၁၀)ဦးတို့အတွက် သောက်သုံးရေ ရှားပါးမှုကြောင့် သောက်သုံးရေဂါလံ(၆၉၀၀)အား ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့်ကာကွယ်စောင့်ရှောက်ရေးအသင်း၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မဟာစည်သာသနာ့ရိပ်သာမော်တော်ယာဉ်နှင့် စနစ်သစ်ပုထိုးတိုက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ရေသယ်ယာဉ်တို့ဖြင့် ရပ်ကွက်ကျေးရွာ ပြည်သူများထံအရောက် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_drg
#mgy_may2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)