Author Archives: Department of Disaster Management
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉) ရက်နေ့၌ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုဗဟိုပြုဌာနတွင် ကျောင်းသူ/ကျောင်းသား (၁၀၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောဆွေးနွေးကျင်းပခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #sgg_jun2019 Source: ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာနှင့် စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်း ကျေးရွာ၌ (၁၇-၆- ၂၀၁၉) နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၉) လုံး ကမ်းပြိုဘေး သင့်မှုကြောင့် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-) ကျပ် ၊ ၎င်းအိမ်ထောင်စု (၉) စုရှိ လူဦးရေ (၄၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၉၀၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၉၉၀၃၀၀/-) ကျပ်တို့အား (၁၈-၆-၂၀၁၉) ရက်နေ့တွင် … Read more
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါး လျက်ရှိသော ညောင်ဦးမြို့နယ်၊ စုတည်ကျေးရွာအုပ်စု၊ စုတည်ကျေးရွာရှိ အိမ်ထောင်စု (၂၀၀) နှင့် (အ.ထ.က-ခွဲ) စုတည်မှ ကျောင်းသား/ကျောင်းသူ (၂၈၃) ဦးတို့အတွက် သောက်သုံးရေဂါလံ (၃၂၀၀) အား (၁၈-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mdy_jun2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး
-
သောက်သုံးရေလှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ မြောက်ဘောကျေးရွာနေ ပြည်သူ အိမ်ထောင်စု (၆၁) စု၊ လူဦးရေ (၂၁၀) ဦးအတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ရေသယ်ယာဉ်ဖြင့် (၁၇-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၆-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ(၁၁:၀၀) ထိ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်အုပ်စု၊ အောင်လှ ပြင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းတက်ရောက်သူဦးရေ (၅၀) ကျော် တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။ #ar #rke_jun2019 Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာနတို့ဖြင့်ပူးပေါင်း၍ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ထယ်လှော်ကျေးရွာအုပ်စု၊ ထယ်လှော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ကျောင်းခန်းမ၌ (၁၇-၆-၂၀၁၉) ရက်နေ့ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအထိ ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းဆရာ/ဆရာမ (၁၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၁၇၉)ဦး၊ ကျေးရွာနေပြည်သူစုစုပေါင်း (၅၄)ဦး၊ စုစုပေါင်း (၂၅၀)ဦးတက်ရောက်ခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများအားအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mgy_jun2019 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၆-၂၀၁၉)ရက်နေ့၊ ညနေ(၄း၀၀)နာရီမှ(၆း၀၀)နာရီအထိ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ဝမ်ပေါ်ကျေးရွာတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၅၃)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေခဲ့ပြီး တက်ရောက်လာသူများကို ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ ထောက်ပံ့မှုနှုန်းထားများ၊ ဘေး(၈)မျိုး၏ ဆောင်ရန်/ရှောင်ရန်များ၊ ငလျင်လှုပ်ခတ်စဉ်အတွင်း နေထိုင်ရမည့်အနေအထားများအား လက်တွေ့သရုပ်ပြခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၅-၆-၂၀၁၉)ရက်နေ့တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူးကျေးရွာအုပ်စု၊ ဘုရားဖြူးကျေးရွာရှိ ရပ်ရွာပြည်သူများအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ရပ်ရွာပြည်သူစုစုပေါင်း(၈၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) # ar # kyh_juny2019
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၄-၆-၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီမှ(၁၁း၃၀)နာရီအထိ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အစည်းအဝေးခန်းမတွင် ပြည်သူလူထုအင်အား စုစုပေါင်း (၂၀၀)ဦးအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေခြင်းနှင့် ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar # ygn_juny2019
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေများပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၃-၆-၂၀၁၉)ရက်နေ့၌ ကယာပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ်(၁၅)ရပ်ကွက်တွင် မိုးရွာသွန်း၍ လူနေအိမ်အနီးရှိ သစ်ပင်အိုပြိုလဲကျမှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ ထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၂၀)မျိုးပါ(၂)အိမ်ထောင်စာနှင့် ဦးခေါင်းခွံထိခိုက်ဒဏ်ရာ ရလူနာအတွက်(၅၀၀၀၀/-)တို့ကို (၁၄-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # kyh _jun2019
