လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာနှင့် စစ်ကုန်းကျေးရွာအုပ်စု၊ ငါးဆယ်ကျွန်း ကျေးရွာ၌ (၁၇-၆- ၂၀၁၉) နေ့တွင် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၉) လုံး ကမ်းပြိုဘေး သင့်မှုကြောင့် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/-) ကျပ် ၊ ၎င်းအိမ်ထောင်စု (၉) စုရှိ လူဦးရေ (၄၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၉၀၃၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၉၉၀၃၀၀/-) ကျပ်တို့အား (၁၈-၆-၂၀၁၉) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jun2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)