လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ မြောက်ဘောကျေးရွာနေ ပြည်သူ အိမ်ထောင်စု (၆၁) စု၊ လူဦးရေ (၂၁၀) ဦးအတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား ရေသယ်ယာဉ်ဖြင့် (၁၇-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_drg
#mgy_jun2019
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)