လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၆-၂၀၁၉) ရက်နေ့ (၁၀:၀၀) မှ(၁၁:၀၀) ထိ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ အောင်လှပြင်အုပ်စု၊ အောင်လှ ပြင်ကျေးရွာ၌ ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အဆိုပါဆွေးနွေးပွဲတွင် ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန် ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းတက်ရောက်သူဦးရေ (၅၀) ကျော် တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။
#ar
#rke_jun2019
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)