Author Archives: Department of Disaster Management

  • လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ်များအားထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ သရောတန်းကျေးရွာအုပ်စုတွင် (၇-၇-၂၀၁၉)ရက်နေ့၊ (၁၉:၃၀)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၅)လုံးအမိုးလန်ပျက်စီးခဲ့ပြီး အိမ်ခြေ(၁)လုံး သစ်ပင်ပိပြိုကျပျက်စီးခဲ့ရာ ပြိုကျနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၁)အိမ်ထောင်စုစာနှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၉၀၀၀ဝိ/-)၊ အမိုးလန်နေအိမ်(၅)လုံးအတွက ်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၂၅၀၀၀ဝိ/-)နှင့် လူဦးရေစုစုပေါင်း(၂၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ်(၅၀၄၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၉၀၄၀ဝိ/-)အား (၈-၇-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2019   Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်မြို့၊ ဝိုင်းမော်မြို့၊ မိုင်းနားကျေးရွာအုပ်စု၊ ဂွေထုကျေးရွာတွင် (၂၆-၆-၂၀၁၉)နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ရေဘေးသင့်အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၇)ဦးတို့အတွက် ဆန်ရိက္ခာ(၁)ပတ်စာ(၉၈,၇၀ဝိ)ကျပ်နှင့် မျှောပါပျက်စီးအိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀,၀၀ဝိ)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁)အိမ်ထောင်စုစာအား (၉-၇-၂၀၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #kcn_jul2019 Source:         ကချင်ပြည်နယ်ဦးစီးမှူးရုံး

  • မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ရုံး၊ မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်တွင် (၁.၇.၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ထောင်စု (၂)စု၊ လူဦးရေ (၁၁) တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး နှင့် ဆန်ရိက္ခာဖိုး(၂၃၁၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၃ဝဝဝဝဝ)ကျပ် တို့အား (၉.၇.၂၀၁၉)နေ့တွင် ပြည်သူများထံလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #kcn_jul2019   Source:         မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော နေအိမ်များအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းအုပ်စု၊ကွမ်းခြံကုန်းကျေးရွာတွင်(၅-၇-၂၀၁၉)နေ့ လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် -အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀ဝိ/)ကျပ် -ဆန်ရိက္ခာဖိုး(၆၃၀ဝိ)ကျပ် -စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၃၆၃၀ဝိ/)ကျပ်ကိုလည်းကောင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၇- ၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jul2019 Source:         ဟင်္သာတခရိုင်ဦးစီးမှူးရုံး

  • လေပြင်းတိုက်၍ အမိုးလန်ပျက်စီးသွားသော နေအိမ်များအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် (၆.၇.၂၀၁၉)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော နေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၅၉၀၀)ကျပ် နှင့် လူဦးရေ (၂၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၅၈၈၀၀)ကျပ်၊ စုစုပေါင်း (၂၄၄၇၀၀)ကျပ်အား ရေးမြို့နယ်ဦးစီးမှူးရုံးမှ (၈.၇.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mon_jul2019 Source:         ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ကမ်းပါးပြိုကျ၍ ဖျက်သိမ်းပြောင်းရွှေ့ရသော နေအိမ်များအတွက် ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမုှဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ ခရိုင်၊ ရေစကြိုု မြို့နယ်ဦးစီးမှူး ရုံးမှတာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ငါးလန်ကျေးရွာအုပ်စု၊ငါးလန်ကျေးရွာနှင့် ဇယမကျေးရွာအုပ်စု၊ ဇယမကျေးရွာတို့တွင် (၈.၇.၂၀၁၉)ရက်နေ့(၁၀း၃၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ကြိုတင်ဖျက်သိမ်းပြောင်း ရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ လူနေအိမ်(၆) လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၈၁၉၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝိ/- )စုစုပေါင်း(၆၈၁၉၀ဝိ/-)ကျပ်အား (၈.၇.၂၀၁၉)ရက်နေ့တွင် ရေစကြို မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ငါးလန်ကျေးရွာအုပ်ချုပ်ရေးမှူ းနှင့် ဇယမကျေးရွာအုပ်ချုပ်ရေးမှူ းတို့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_ … Read more

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့၌  မိုးညိုမြို့နယ်၊ မတော့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံး၊ ဘေးသင့်ပြည်သူ(၇)ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ ထောက်ပံ့ငွေ(၁၄၇၀၀/-)ကျပ်၊ အား (၈-၇-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဒုတိယမြို့နယ်ဦးစီးမှူးနှင့် အတူသက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_sgw # bgo _ jul2019

  • စက်လှေနစ်မြှုပ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၇-၂၀၁၉)ရက်နေ့တွင် တောင်ကုတ်မြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကြား ကလိန်တောင်မြစ်အတွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စက်လှေနစ်မြှပ်ရာတွင် သေဆုံးသူ(၁)ဦးအတွက် ထောက်ပံငွေ (၃၀၀၀ဝိ/-)ကို ရမ်းဗြဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၈-၇-၂၀၁၉)ရက်နေ့တွင် ကမ္ဘာ့ရတနာဘဏ်မှလည်းကောင်း၊ (၇-၇-၂၀၁၉)ရက်နေ့ ကျောက်ဖြူမြို့နယ် ကင်းချောင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကူးတို့စက်လှေနစ်မြှပ်ခဲ့ရာ သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀ဝိ/-)နှင့် ဆေးရုံတက်လူနာ(၂)ဦးအတွက် (၁)ဦးလျှင် (၅၀၀၀ဝိ/-)နှုန်းဖြင့် (၁၀၀၀၀ဝိ/-)အား (၈-၇- ၂၀၁၉)ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း အသီးသီးလွှဲပြောင်းထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_jul2019 Source:         ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ အသရာ်ကျေးရွာတွင် (၁.၇.၂၀၁၉)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၁)လုံး မှ ဘေးသင့်ပြည်သူစုစုပေါင်း(၆)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၂,၆ဝဝ) ကျပ်အား (၈-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်ဒုတိယဦးစီးမှူး နှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2019 Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၆-၇-၂၀၁၉)ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့်အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ ပြည်တော်သာ ရပ်ကွက်၊ ဓနဝတီလမ်းတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် နေအိမ်(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး ဘေးသင့်လူဦးရေ(၁၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၃၁၀၀ိ/-)ကျပ်တိတိအား (၈-၇-၂၀၁၉)ရက်နေ့ (၀၉း၃၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ဒုတိယမြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jul2019 =========== Source:         မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

Sign Up

Upcoming Events